Android နည်းပညာ

 Android နည်းပညာ သမိုင်း


Android ဆိုတာ Mobile Device တွေနဲ့ Tablet Computer တွေမှာအသုံးပြုတဲ့ Operating
System တစ်ခုဖြစ်ပါတယ်။ Linux Kernel ကို အခြေခံရေးသားထားတဲ့ Android ကတော့
Open Source Platform တစ်ခုဖြစ်ပါတယ်။ Android ရဲ့သမိုင်းကို တစ်ကျော့ပြန်လှည့်ကြည့်
ရမယ် ဆိုရင်တော့ ၂၀၀၃ ခုနှစ်ရဲ့ အောက်တိုဘာလမှာ Andy Rubin, Rich Miner, Chris
White, Nick Sears တို့စုပေါင်းပြီး Android Inc. ကို တည်ထောင်ခဲ့ပါတယ်။     Android ရဲ့
မူလအခြေစိုက်ရာဌာနီကတော့ အမေရိကန်နိုင်ငံ Palo Alto, California ပြည်နယ်  မှာဖြစ်ပါ
တယ်။ Android Inc. ရဲ့ရည်ရွယ်ချက်ကတော့ အကောင်းဆုံး Smart Phone ဆိုင်ရာ  နည်း
ပညာလုပ်ဆောင်ချက်တွေကို ဖော်ထုတ်ဖို့အတွက်ဖြစ်ပါတယ်။ ဒီလို ကြိုးစားနေစဉ်အတွင်းမှာ
ပဲ Android Inc. ရဲ့ Founder တစ်ဖြစ်လဲ Andy Rubin ဟာ လုပ်ငန်းဆိုင်ရာ ဆက်လက်လည်
ပတ်ဖို့အတွက် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။တစ်ချိန်ထဲ ဆိုသ
လို ပဲ Android ရဲ့ ပိုင်ရှင်သစ်ဖြစ်လာမယ့် Google ဟာ Android Inc. ကို ၂၀၀၅ ခုနှစ်ရဲ့ သြ
ဂုတ် လ (၁၇) ရက်နေ့မှာ ၀ယ်ယူလိုက်ပါတယ်။ Google Inc. ရဲ့ လက်အောက်ဝင်ကုမ္ပဏီတစ်
ခုဖြစ်လာခဲ့တဲ့ Android Inc. ဟာ Andy Rubin, Rich Miner, Chris White တို့ကို Android ရဲ့
အဓိက၀န်ထမ်းများအဖြစ် ပြန်လည်ခန့်အပ်ထားခဲ့ပါတယ်။ Google Inc. ရဲ့ Android ၀ယ်ယူ
မှုကိုတော့ လူအများရဲ့ ပုံသေ တွက်ချက်မှုအရ Google  ဟာ   Mobile Market   အတွင်းကို
ဝင်ရောက် လာတော့မယ်လို့ အားလုံးကယုံကြည်ခဲ့ကြပါတယ်။
Google Phone ထွက်လာလိမ့်မယ်လို့ တရားသေတွက်ခဲ့ကြသူများလည်း ထိုအချိန်က ရှိခဲ့ပါ တယ်။ဒါပေမယ့် Google ဟာAndroid ကိုဝယ်ယူပြီး (၂) နှစ်အတွင်းမှာ ဘာထူးခြားမှုကိုမှ မပြသခဲ့ပါဘူး။ ၂၀၀၇ ခုနှစ်ရဲ့ နိုဝင်ဘာလ (၅) ရက်နေ့အရောက်မှာတော့ လူအများ အံ့အား
သင့်စေမယ့် ကိစ္စ ရပ်တစ်ခုကို Googleကဖန်တီးလိုက်ပါတယ်။ ဒါကတော့ OHA (Open
Handset Alliance) ကို တည်ထောင်ခဲ့ပြီးအခြား နည်းပညာကုမ္ပဏီများနဲ့ ပူးပေါင်းကာ Mobile
နည်းပညာတွေကို ဖွံ့ဖြိုးတိုးတက် ဖို့အတွက် စတင်ဆောင်ရွက်ခဲ့ ပါတယ်။ Google Inc. ဟာ
OHA ကိုအပြည့်အ၀  အထောက်အကူပြုနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်က ၀ယ်ယူထားတဲ့ Android
Inc. ရဲ့နည်းပညာတွေကို OpenSource အဖြစ်ကြော်ငြာလိုက်ပါတယ်။ Open Source ရဲ့
သဘောတရားကတော့ မည်သူမဆိုလွပ်လပ်စွာ ရယူ သုံးစွဲနိုင်သော အရင်းအမြစ်တစ်ခုအနေနဲ့
Android ကိုရှင်သန်စေခဲ့တာဖြစ်ပြီး၊Google ရဲ့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို ကျွန်တော်တို့
လက်ရှိ အချိန်မှာ ခူးယူစား သုံးနေကြတာလည်းဖြစ်ပါတယ်။

OHA ရဲ့ ရည်ရွယ်ချက်ကတော့ လူသားများကိုအကျိုးပြုနိုင်တဲ့ Mobile ဆိုင်ရာနည်းပညာများ
ထွက်ပေါ်လာစေရန်အတွက်ဖြစ်ပါတယ်။ OHA တည်ထောင်တဲ့နေ့မှာပဲ သူတို့ရဲ့ပထမဆုံး
Product ကိုသုံးစွဲသူများထံချပြပေးခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီနေ့အသုံးပြုရာမှာ
လွန်စွာ အဆင်ပြေစေတဲ့ Android OS ဖြစ်ပြီး၊ Linux kernel Vs 2.6 ကိုအခြေပြုထားပါတယ်။
OHA ဟာ Google ဦးဆောင်ထားပြီး ပါဝင်လာတဲ့ နည်းပညာ ကုမ္ပဏီတွေကတော့ Broadcom
Corporation, HTC, Intel, LG, Marvell Technology Group, Motorola, Nvidia, Qualcomm,
Samsung Electronics, Sprint Nextel, T-Mobile နဲ့ Texas Instruments တို့ဖြစ်ပါတယ်။ OHA
ရဲ့ စုစည်းမှုဟာ ရပ်တန့်မနေခဲ့ပဲ ၂၀၀၈ ခုနှစ်ရဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ARM Holdings,
Atheros Communications, Asustek Computer Inc., Garmin Ltd, Huawei Technologies,
PacketVideo, Softbank, Sony Ericsson, Toshiba Corp; နဲ့ Vodafone Group Plc တို့မှ
ထပ်မံပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
Android ရဲ့ တိုးတက်မှုကိုကြည့်ရမယ်ဆိုရင်တော့ Google ဟာ ၂၀၀၇ ခုနှစ်မှာ OHA  ကို
တည်ထောင် ခဲ့ပြီး Android ကို Open Source အဖြစ်ကြော်ငြာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အရောက်
မှာတော့ Android SDK (Software Development Kit) Version 1.0 ကို စတင်ဖြန့်ချိပေးခဲ့ပါ
တယ်။ တစ်ချိန်ထဲဆိုသလိုပဲ T-Mobile ကနေပြီး US မှာ HTC ထုတ်ကုန်သစ်ဖြစ်တဲ့ HTC
Dream (G1) Mobile မှာ Android ကိုပထမဆုံး ထိတွေ့ခွင့်ရခဲ့ပါတယ်။အဲ့ဒီကစပြီး Android
စနစ်သုံး Mobile Phone တွေ၊ Tablet တွေ မျိုးစုံပေါ်ထွက်လာကြပါတယ်။

Android မတိုင်ခင် Mobile Phone OS လောကကို Apple ကထုတ်တဲ့ IOS ၊ RIM ကထုတ်တဲ့

Black Berry ၊ Nokia ကထုတ်တဲ့ Symbian နဲ့ Microsoft ကထုတ်တဲ့ Windows Mobile OS
တို့ကကြီးစိုး ခဲ့ပါတယ်။  Android OS ထွက်ပေါ်ပြီးနောက်   Mobile   လောကမှာ ကြီးမားတဲ့
အပြောင်း အ လဲဖြစ်သွားပါတယ်။ Android OS ဟာ နှစ်အနည်းငယ်အတွင်းMobile လောက
ကိုထိပ်ဆုံးကဦးဆောင်ခဲ့ပါတယ်။ဈေးကွက်ရဲ့ 60% ကို Android OS ကယူလိုက်ပါတယ်။
2012 နှစ်ဦးပိုင်းမှာ Android အသုံးပြုသူဟာသန်း ၂၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ Android
နဲ့ပတ်သတ်လို့ ပြောရရင်မကုန်နိုင်ပါဘူး ဗဟုသုတဖြစ်မယ့်အချက်လေးတွေရွေးနှုတ် ထား
တာပါ။ နောက် Post တွေမှာ Android ဖုန်းသုံးသူတွေအတွက်မသိမဖြစ်အချက်လေးတွေ
တင်သွားပါမယ်...

0 comments:

Post a Comment